ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံက ကော်ဖီတင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့် ရရှိ
ဟနွိုင်း ဖေဖော်ဝါရီ ၈
ဗီယက်နမ်နိုင်ငံက ဇန်နဝါရီလအတွင်း ကော်ဖီတန်ချိန် ၁၅၄၆၃၅ တန် တင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်းက ထုတ်ပြန်ထားသည်။
ကော်ဖီစိမ်း တင်ပို့မှုမှာ ၁၃၇၅၆၈ တန်ရှိပြီး ဒေါ်လာ ၆၉၄ ဒသမ ၉ သန်းရရှိကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ကြည့်ပါက တန်ဖိုး ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသော်လည်း ပမာဏ ၃၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ပြုပြင်ပြီး ကော်ဖီတင်ပို့မှု ပမာဏမှာ ၁၇၀၆၇ တန်ရှိသဖြင့် ဒေါ်လာ ၁၀၄ ဒသမ ၆ သန်းရရှိကာ စုစုပေါင်း ကော်ဖီတင်ပို့မှု တန်ဖိုး၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကော်ဖီတန်ချိန် ၁ ဒသမ ၉၈ သန်းထုတ်လုပ်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
Source: မြန်မာ့အလင်းသတင်းစာ