ဗြိတိန်ကလေးကစားကွင်းတစ်ကွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံး ၁၇၀ ကျော်တွေ့ရှိ

News Image

  • ဗြိတိန်ကလေးကစားကွင်းတစ်ကွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံး ၁၇၀ ကျော်တွေ့ရှိ

လန်ဒန်  ဖေဖော်ဝါရီ ၁၁

အင်္ဂလန်မြောက်ပိုင်း ဝိုလ်လာမြို့ကလေးကစားကွင်းတစ်ကွင်း မြေအောက်၌ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ၁၇၆ လုံးတူးဖော်တွေ့ရှိခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကလေးကစားကွင်းပြန်လည် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများအတွက် မြေပြင်တူးဖော်မှုများပြုလုပ်နေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများ တွေ့ရှိခဲ့သော စစ်လက်ကျန်ဗုံးများအနက် ၆၀ တို့မှာ လေ့ကျင့်ရေးသုံး ၁၀ ပေါင် ဗုံးများဖြစ်ကြသည်။

၎င်း စစ်လက်ကျန်ဗုံးများမှာ ဖောက်ခွဲရေးစနစ် အသက်ဝင်နေဆဲဖြစ်ရာ ပေါက်ကွဲမည့်အန္တရာယ်ရှိနိုင်ကြောင်း ဗြိတိန်ဗုံးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဗြိတိန်ဗုံးကျွမ်းကျင်သူများသည် ဝိုလ်လာမြို့စကော့ကလေးကစားကွင်း၌ စစ်လက်ကျန်ဗုံးဟောင်းဆက် ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

စကော့ ကလေးကစားကွင်းနေရာသည် ဒုတိယကမ္ဘာစစ်က ပြည်တွင်းအပျော်တမ်း အစောင့်တပ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကွင်းဖြစ်ခဲ့ဖူးကြောင်း  သိရသည်။ 

Source: ရတနာပုံသတင်းစာ