အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်
အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံ ပစ္စည်းများအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ကြောင်း အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။
အဆိုပါအခွန်စည်းကြပ်မှုကို အထူးကင်းလွတ်ခွင့် သို့မဟုတ် ခြွင်းချက် မရှိစေရဟု ဖော်ပြထားပါသည်။
အမေရိကန်သို့ သံမဏိနှင့် အလူမီနီယံပစ္စည်းအများစုကို ကနေဒါ၊ ဘရာဇီးနှင့် မက္ကဆီကိုတို့မှ တင်သွင်းကြသော်လည်း ယခုအခွန်စည်းကြပ်မှုမှာ တရုတ်နိုင်ငံ၏ တစ်ဆင့်ခံတင်သွင်းနေမှုအပေါ် သွယ်ဝိုက်၍ အကြီးအကျယ်ထိခိုက်စေရန် ရည်ရွယ်ကြောင်း CNN က ဖော်ပြထားပါသည်။
ကိုးကား-CNN
MM-News-Category