ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်ရရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
တရုတ်အာဏာပိုင်များက ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲမှ မျှတသော သဘောတူညီချက်တစ်ခုရရှိရန် မျှော်လင့်ပြီး ရုရှား-ယူကရိန်း နှစ်နိုင်ငံငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga နှင့် မြူးနစ်လုံခြုံရေးညီလာခံ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အားလုံးကို ထောက်ခံပါကြောင်းနှင့် နှစ်ဖက်နိုင်ငံများအတွက် လက်ခံနိုင်ဖွယ်ရှိသော တရားမျှတပြီး ခိုင်မာသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရရှိစေရန် မျှော်လင့်ပါကြောင်း” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။
ယူကရိန်းပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိအောင်လည်း ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ဝမ်ယိက ထပ်မံ ပြောကြားခဲ့သည်။
ကိုးကား-TASS
Photo: China Daily