ထရမ့်၏ ကုန်သွယ်ရေးမူဝါဒအသစ်များကြောင့် ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိလာနိုင်

News Image

  • ထရမ့်၏ ကုန်သွယ်ရေးမူဝါဒအသစ်များကြောင့်  ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိလာနိုင်

ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ်သမ္မတသက်တမ်း (၁) လ မပြည့်မီမှာပင် ကုန်သွယ်ရေးမူဝါဒများကို ပိုမိုတင်းကြပ်စွာ ကျင့်သုံးလျက်ရှိပြီး အဆိုပါ ကုန်သွယ်ရေးအစီအမံများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ 

ထရမ့်သည် သမ္မတတာဝန်စတင်ယူချိန်မှာပင် ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများထံမှ သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့၏ ဒေါ်လာ ၁.၃ ထရီလီယံကျော်တန်ဖိုးရှိသည့် သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အစီအစဉ်များလည်း ပါဝင်သည်။ ယင်းပမာဏသည် ၎င်း၏ ပထမသက်တမ်းကာလအတွင်း ကျင့်သုံးဆောင်ရွက်ခဲ့သည့်အကောက်ခွန်နှုန်းထားများကြောင့် သက်ရောက်ခဲ့သော ကုန်သွယ်မှုပမာဏထက် အဆများစွာ များပြားပါသည်။ 

ဖေဖော်ဝါရီ ၁၄ ရက်တွင် ထရမ့်သည် ၎င်း၏ ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းများကို ပြန်လည် ပြင်ဆင်ရန် အဆိုပြုချက်ထုတ်ပြန်ခဲ့ပြီး ထရမ့်၏ လုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံတစ်ခုတည်း အကျိုးအမြတ်ရရှိရေးအတွက် အခွန်ကို လက်နက်သဖွယ် အသုံးချ၍ ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများကိုပါ ခြိမ်းခြောက်ရန် စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိကြောင်း ထင်ရှားစွာ ပြသလျက်ရှိပေသည်။

ထို့ပြင် အကောက်ခွန်နှုန်းထားအသစ်များ သတ်မှတ်ရာတွင်လည်း “အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပါအဝင် ၎င်းတို့၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးသည့်လုပ်ငန်းများအား အခြားနိုင်ငံများက စည်းကြပ်ကောက်ခံသည့် အခွန်အကောက်နှုန်းထားများအပေါ် အခြေခံ၍” တွက်ချက်ကောက်ခံသွားရန် ထရမ့်က ၎င်း၏ အကြံပေးပုဂ္ဂိုလ်များအား ညွှန်ကြားခဲ့သည်။

ကိုးကား-New York Times