ဩစတြေးလျနှင့် နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

News Image

  • ဩစတြေးလျနှင့် နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

AUKUS မိတ်ဖက်သဘောတူညီချက်အရ ဩစတြေးလျနှင့် နျူကလီးယား ရေငုပ်သင်္ဘောသဘောတူညီချက်အတွက် အမေရိကန်နိုင်ငံကို မြောက် ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါသည်။ အမေရိကန် နိုင်ငံသည် AUKUS မိတ်ဖက်သဘောတူညီမှု၊ အမေရိကန်၊ တောင် ကိုရီးယား၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်ပြီးနောက်ဆက်တွဲအကျိုးဆက်များကို သတိထားသင့်သည်ဟု မြောက်ကိုရီးယားအစိုးရက သတိပေးပြောကြားခဲ့ပါသည်။

အမေရိကန်နှင့်နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်အတွက် ဩစတြေးလျသည် ပထမဆုံး အမေရိကန်ဒေါ်လာသန်း (၅၀၀) ပေးချေမှုကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ AUKUS မိတ်ဖက် သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံသည် ရေငုပ်သင်္ဘောစွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံ ပေးချေရမည်ဖြစ်ပြီး အမေရိကန်က ၂၀၃၀ ပြည့်နှစ် အစောပိုင်း၌ Virginia-class နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဩစတြေးလျထံ ရောင်းချသွားမည်ဖြစ်သည်ဟု သိရပါသည်။

မြောက်ကိုရီးယားအား အထင်မသေးရန်နှင့် ရန်စမှုများကို ငြိမ်ခံနေမည် မဟုတ်ကြောင်းလည်း မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး ပြောဆိုခဲ့ပါသည်။ မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၊ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး သင့်လျော်သည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ကိုးကား-NP News