ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လအတွင်း ကျင်းပမည်ဖြစ်

News Image

  • ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူတော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လအတွင်း ကျင်းပမည်ဖြစ်

ရန်ကုန်  ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်လိုဏ်ဂူတော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်(တပေါင်းပွဲတော်) ကို တပေါင်းလဆန်း ၁၀ ရက်မှ တပေါင်းလပြည့်နေထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေဥမင်လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီဝင် ဦးစိုင်းပေတိက ပြောပြ၍ သိရသည်။

“ဗုဒ္ဓပူဇနိယပွဲတော်(တပေါင်းပွဲတော်)အတွင်း ဓနုဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေက ရွှေဥမင်လိုဏ်ဂူတော်အတွင်းမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ၈၀၉၄ ဆူကို ဆွမ်း၊ ခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းတာ၊ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ထွန်းညှိပူဇော်တာ၊ နဝကမ္မ အလှူတော်ငွေတွေ ဆက်ကပ်လှူဒါန်းတာ၊ ဓနုဒေသပင်းတယမြို့နယ်လုံးကျွတ် သံဃာတော်တွေနဲ့ ရပ်နီးရပ်ဝေးမှ သံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်တာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေကို ဆောင်ရွက်မှာဖြစ်ပြီး ဓနုတိုင်းရင်းသားတွေ ဆုံဆည်းရာနေ့အခမ်းအနားကိုလဲ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုင်းပေတိက ပြောပြသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် (တပေါင်းပွဲတော်)တွင် အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဈေးပွဲတော်ကိုလည် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ