ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးမူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ အမေရိကန်က ဖေဖော်ဝါရီ ၂၄ တွင် တင်သွင်းမည်

News Image

  • ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးမူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ အမေရိကန်က ဖေဖော်ဝါရီ ၂၄ တွင် တင်သွင်းမည်

လာမည့် ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)တွင် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး အရေးပါသည့် သဘောတူညီချက် အစီအစဉ်မူကြမ်းကို အမေရိကန်နိုင်ငံက ကုလသမဂ္ဂအထွေထွေညီလာခံ (United Nation General Assembly UNGA) သို့ တင်သွင်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ၎င်း၏ X စာမျက်နှာမှ ပြောကြား လိုက်ပါသည်။ 

ထိုသဘောတူညီချက်မူကြမ်းပါ အချက်များမှာ ယူကရိန်းနှင့် ဥရောပ မဟာမိတ်နိုင်ငံများက တင်ပြမည့်အဆိုပြုချက်နှင့် ကွဲလွဲနေကြောင်း၊ ဥရောပ မူကြမ်းမှာမူ ရုရှားတပ်များ ယူကရိန်းမှ ချက်ချင်းထွက်ခွာရန် တိုက်တွန်းထားသော်လည်း အမေရိကန်မူကြမ်းမှာမူ ပြည်သူအမြောက်အမြားသေဆုံးရသဖြင့် ဝမ်းနည်းကြောင်းဖော်ပြထားပြီး စစ်ပွဲအမြန်ဆုံး အပြီးသတ်ရေး ကြိုးပမ်းကြရန် တိုက်တွန်းခြင်းသာ ဖြစ်ကြောင်း သိရပါသည်။ 

[အဆိုပါမူကြမ်းတင်ပြချက်သည် ရုရှား-ယူကရိန်း စစ်ပွဲ ၃ နှစ်မြောက် အချိန်အခါနှင့် တိုက်ဆိုင်နေပါသည်။]

ကိုးကား -TASS