ရုရှားမှ ယူကရိန်းကို စံချိန်တင် ဒရုန်းအစင်းရေ (၂၆၇) စင်းဖြင့် ပစ်ခတ် တိုက်ခိုက်

News Image

  • ရုရှားမှ ယူကရိန်းကို စံချိန်တင် ဒရုန်းအစင်းရေ (၂၆၇) စင်းဖြင့် ပစ်ခတ် တိုက်ခိုက်

ရုရှားစစ်တပ်သည် ယူကရိန်းကို တစ်ညအတွင်း ဒရုန်းအစင်းရေ (၂၆၇) စင်းနှင့် တိုက်ခိုက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဒရုန်းအများအပြားအသုံးပြုခဲ့သည့် စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု လေတပ်မှထုတ်ပြန်ချက်များအရ သိရှိရ ပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နှင့် ၂၃ ရက်ကြားတွင် ယူကရိန်း ကောင်းကင်ယံတွင် ရုရှားဘက်မှ လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ (၂၆၇) စင်းကို ခြေရာခံတွေ့ရှိခဲ့သည်ဟု ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပါသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည့် အချိန် (၃) နှစ်နီးပါးအတွင်း စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ယူရီအစ်ဂ်နက်မှ ဆိုပါသည်။

ရုရှားဘက်က လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ(၁၃၈)စင်းကို ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်များမှ ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး အခြားဒရုန်း(၁၁၉)စင်း ပျောက်ဆုံးသွားခဲ့သည်ဟု ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပြီး အဆိုပါဒရုန်းများသည် ကိယက်ဗ်မြို့အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။ ရုရှားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်သည် နေတိုးအဖွဲ့၏ ချဲ့ထွင်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်ဖြစ်သည်ဟု ရုရှားအစိုးရမှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ကိုးကား - npnewsmm