ဂျာမနီ ကြားဖြတ်ရွေးကောက်ပွဲတွင် AFD ပါတီ ဒုတိယနေရာ ရရှိနိုင်ဟု ခန့်မှန်း
ဂျာမနီနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် Alternative for Germany (AFD) သည် ထောက်ခံမှု ၂၀.၅% နှုန်းဖြင့် ဒုတိယနေရာကိုရရှိနိုင်မည်ဟု အစိုးရမှ ရုပ်သံလိုင်း ARD မှ ထုတ်ပြန်ချက်တစ်ခုအရ ခန့်မှန်းထားပြီး ခရစ်စတီယန်-ဒီမိုကရက် CDU/CSU ပါတီသည် ၂၈% ကျော်နှုန်းဖြင့် အနိုင်ရမည်ဟု ခန့်မှန်းထားသည်။
ဝန်ကြီးချုပ် Olaf Scholz ၏ လူမှုဒီမိုကရက်ပါတီသည် ၁၆.၄% ရရှိမည်ဟု ခန့်မှန်းထားပြီး၊ အတည်ပြုပါက ၁၉၄၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံးရလဒ်ဖြစ်လာမည်ဖြစ်ပြီး Financial Times ၏ အဆိုအရ ယင်းပါတီသည် ၁၈၈၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်ရမည်ဟု ဆိုသည်။ SPD ၏ မိတ်ဖက်ပါတီဖြစ်သော Greens သည် ထောက်ခံမှု ၁၂% ရရှိခဲ့ပြီး၊ FDP သည် ၄.၇% အထက်ရရှိခဲ့သည်ဟု ARD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The Left သည် ၈.၆% ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သော Sahra Wagenknecht Alliance သည် ၄.၉% ရရှိနိုင်မည်ဟု ARD ဖော်ပြမှုအရ သိရှိရသည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် AFD သည် အကြီးမားဆုံး အနိုင်ရမည်ဖြစ်ပြီး ၉.၁% တိုးတက်မှု ရရှိမည်ဟု ခန့်မှန်းထားသည်။ CDU သည် ၄.၉% တိုးတက်ခဲ့ပြီး၊ Scholz ၏ လူမှုဒီမိုကရက်ပါတီသည် ၉.၇% လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ Greens သည် ၁.၂% လျော့နည်းမည်ဖြစ်ပြီး FDP သည် ၆.၅% လျော့နည်းမည်ဟု ခန့်မှန်း ထားသည်။
နောက်ဆုံးလများတွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ လက်ရှိအာဏာရ (Traffic-Light Coalition) မှ Greens ပါတီသည် လူထုထောက်ခံမှု ကျဆင်းလာနေကြောင်း သိရှိရသည်။
ARD ဖော်ပြမှုအရ AFD သည် ဂျာမန်လွှတ်တော်တွင် ၆၃၀ ရာခိုင်နှုန်း အနက် ၁၅၀ ကို ရရှိနိုင်ပြီး CDU/CSU သည် ၂၀၈ ကို ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂