ယူကရိန်းနှင့် ဥရောပနိုင်ငံများ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အထူး ထိပ်သီးအစည်းအဝေးကို မတ်လ ၆ ရက်တွင် EU ကျင်းပမည်

News Image

  • ယူကရိန်းနှင့် ဥရောပနိုင်ငံများ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အထူး ထိပ်သီးအစည်းအဝေးကို မတ်လ ၆ ရက်တွင် EU ကျင်းပမည်

ဥရောပသမဂ္ဂသည် ယူကရိန်းပဋိပက္ခနှင့် ဥရောပနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အထူးထိပ်သီးအစည်းအဝေးကို မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါညှိနှိုင်း ဆွေးနွေးမှုအပြီး လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်းရာတွင် ဥရောပနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အား တောင့်တင်းခိုင်မာရေး၊ ယူကရိန်းနိုင်ငံငြိမ်းချမ်းရေး ရေရှည်တည်တံ့ရန်နှင့် လုံခြုံရေးတို့အတွက် အရေးပါသော ပံ့ပိုးမှုများ ပြုလုပ်သွားရန်" ဟူ၍ EU နိုင်ငံများပူးပေါင်း၍ ကတိကဝတ်ပြုခဲ့ကြောင်း Costa က ပြောကြားခဲ့သည်။

 ကိုးကား-TASS

Photo: Bloomberg

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃