ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း”ကို မဆိုလိုနိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ပြောကြား

News Image

  • ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း”ကို မဆိုလိုနိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ပြောကြား

ပြင်သစ်သမ္မတ မက်ခရွန် က ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း” ဟု မဆိုလိုနိုင်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သတိပေးပြောဆိုခဲ့သည်။

ယူကရိန်းသည် ၎င်း၏လွတ်လပ်ရေးနှင့် ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက်သာမက မိမိတို့၏ လုံခြုံရေးအတွက်ပါ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုက်ပွဲဝင်ခဲ့ကြောင်း၊ ခိုင်မာသည့် ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်များအပေါ် ထပ်ကာထပ်ကာ ချိုးဖောက်ခြင်းကို ခံရနိုင်သည့် အဆိုပါနေရာမျိုးတွင် မည်သူမျှ နေထိုင် လိုမည်မဟုတ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပါသည်။

ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှုကို မပြောဘဲ တိုက်ခိုက်နေခြင်းကို အဆုံးသတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို Trump က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းလိုက်ခြင်းသည် ယခင်သမ္မတ ဂျိုးဘိုင်ဒင်၏ လုပ်ဆောင်ချက်မှ လုံးလုံးလျားလျားပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း CNA သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄