အိန္ဒိယ ဥရောပ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ယခုနှစ်အကုန် အဆုံးသတ်မည်ဟု မိုဒီပြောကြား
အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက် (Free Trade Agreement) ကို ယခုနှစ်အကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen နှင့် ဆွေးနွေးပြီးနောက် ကြေညာလိုက်ပါသည်။
ဥရောပကော်မရှင်အကြီးအကဲ Leyen သည် ဥရောပကော်မရှင် အဖွဲ့ဝင် များအတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် နယူးဒေလီသို့ ရောက်ရှိနေကြသည်။
ဥရောပနှင့် အိန္ဒိယတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ကြသော်လည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ နည်းပညာကုမ္ပဏီများ၏ သတင်းအချက်အလက်လုံခြုံရေးနှင့် မော်တော်ကား အစရှိသော ကုန်ပစ္စည်းများကို ဘုံစျေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်း စသည့်ပြဿနာများကြောင့် ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့လိုက်ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည် စတင်ခဲ့ကြပါသည်။
ကိုးကား- TASS
Photo: Euronews.com
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃