အစ္စရေးနှင့်ယူကရိန်းကို လက်နက်ရောင်းချနေသည့် တောင်အာဖရိကရှိ ဂျာမန် လက်နက်စက်ရုံကိုပိတ်ရန် တောင်းဆိုဆန္ဒပြ
ဆန္ဒပြသူများသည် ပရီတိုးရီးယားရှိ ယူနီယံအဆောက်အအုံများရှေ့တွင် တောင်အာဖရိကရှိ GErma ၏ လက်နက်ကုမ္ပဏီ ရိုင်းမက်တယ်ကို ပိတ်ပစ်ရန်နှင့် အစ္စရေးနှင့်ယူကရိန်းတို့အား လက်နက်ရောင်းချမှုအပေါ် ပိုမိုထိန်းချုပ်ရန် တောင်းဆိုခဲ့ကြသည်။
ယခုသီတင်းပတ်တွင် ဆန္ဒပြပွဲကိုဦးဆောင်သူ သူတိုမာရှာဘာက ယခင် လကတည်းက ဘွစ်ဘာဂ့်တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။ ဂျာမန်လက်နက်ကုမ္ပဏီသည် ယူကရိန်းသို့ လက်နက် များ ထောက်ပံ့နေကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သော်လည်း အမြောက် ကျည်များ ထုတ်လုပ်နေဆဲဖြစ်သည့်အတွက် တက်ကြွလှုပ်ရှားသူများ သည် လွန်စွာစိုးရိမ်နေရကြောင်းပြောဆိုနေကြသည်။
“သမ္မတ ဆိုင်ရယ်ရမ်မာဖိုဆာအနေဖြင့် ရိုင်းမက်တယ်စက်ရုံ၏လုပ်ဆောင်ချက်များသည် နိုင်ငံတကာပဋိပက္ခများ၌ ကြားဝင် စွက်ဖက်ခြင်း နှင့် တတိယနိုင်ငံများကို လက်နက်ထောက်ပံ့ခြင်းမပြုရန် တောင်အာဖရိက၏ တရားဝင်မူဝါဒကို လိုက်နာရန်လိုအပ်ကြောင်း ၎င်းတို့ တောင်းဆို ထားသည်” ဟု မာရှာဘာက ပြောသည်။
ကုမ္ပဏီ၏ မကြာသေးမီက အစီရင်ခံစာအရ အစ္စရေးနှင့်ယူကရိန်းတို့အား လက်နက်ကြီးများ ရောင်းချမှုကြောင့် ဂျာမန်စစ်တပ်၏သိုလှောင်မှု လျော့ကျသွားကြောင်းသိရှိရပြီး RDM ၏ တောင်အာဖရိကဌာနခွဲသည် ၁၅၅ မီလီမီတာ အမြောက်ကျည်များကို အဓိကထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်ကာ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးသည် ရိုင်းမက်တယ် ၏ တောင်အာဖရိကစက်ရုံမှ လက်နက်များ ဝယ်ယူကြကြောင်း သိရှိရသည်။ လက်နက်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းများကို ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ ပို့ဆောင်ခြင်းမပြုရန် တားမြစ်ထားသော တောင်အာဖရိက၏ စည်းမျဉ်းများ မည်သို့ပင်ရှိစေကာမူ ဆက်လက် ပို့ဆောင်မှုများရှိနေဆဲဟုဆိုသည်။ အမေရိကန်ဘဏ္ဍာရေးကော်ပိုရေးရှင်း BlackRock သည် တောင်အာဖရိကတွင် လည်ပတ် လုပ်ကိုင်နေသော ဂျာမနီနိုင်ငံရှိ နိုင်ငံစုံလက်နက်ထုတ်လုပ်သည့် ရိုင်မက်တယ်ဒီနယ် လက်နက်စက်ရုံတွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားကြောင်း သိရှိ ရပါသည်။
ကိုးကား-Myanmar National Post