မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ အများစုတည်ရှိရာ နေရာများအား နှိမ်နင်းဆောင်ရွက်မည်
မြန်မာအစိုးရသည် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ထားသည်။ အဆိုပါအွန်လိုင်းလိမ်လည်မှု လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး ထိုဒေသကို မြန်မာနယ်ခြားစောင့် တပ်ဖွဲ့များ (BGF) က ထိန်းချုပ်သည်။.
အဆိုပါ ၃ နိုင်ငံမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့အနေဖြင့် လာမည့်အပတ်မှ စတင်ကာ လိမ်လည်မှုလုပ်ငန်းတည်ရှိရာနေရာများမှ တစ်ပတ်လျှင်တရုတ်နိုင်ငံသား ၁,၀၀၀ ခန့်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ ယနေ့အချိန်ထိ အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနေရာများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသား ၇,၀၀၀ ကျော်၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အခြားနိုင်ငံသားများလည်း ပါဝင်ကာ ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-NHK
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃