ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် တောင်ကြီးမြို့ တို့တွင် ငွေကျပ် ၆၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် တောင်ကြီးမြို့ တို့တွင် ငွေကျပ် ၆၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခင်ဆွေမြင့်အား စစ်ဆေးရှာဖွေရာ ၎င်းလာရောက်ထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၀၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖေ‌ဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ပေးသူ မသူဇာထွေး(ခ)သူဇာအား ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၄ သိန်း)နှင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သန်းဇော်ဦးအား သန်လျင်မြို့၊ မြို့ဟောင်း(အနောက်) ရပ်ကွက်တွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာနှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်တို့အား တောင်ကြီးမြို့၊ စပ်စံထွန်းရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅၀ သိန်း)၊ PROBOX မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မခင်ဆွေမြင့်(၄၅)နှစ်၊ မသူဇာထွေး(ခ)သူဇာ(၄၂)နှစ်၊ သန်းဇော်ဦး(၄၉)နှစ်၊ စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာ(၃၁)နှစ်နှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm