ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန်-မိုးနဲသွားကားလမ်းတွင် ခွန်မောင်လံ(ခ)လုံးလံ မောင်းနှင်လာသည့် NISSAN MARCH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား (တစ်ပြား လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ခွန်မောင်လံ(ခ)လုံးလံ(၆၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm
MM-News-Category