အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် တရုတ်နိုင်ငံ ထည့်သွင်း
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက်
Leidos ကုမ္ပဏီ စသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ အစီအမံများ လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” နှင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်မျိုးသုံး ကုန်ပစ္စည်းများ၏ ပို့ကုန်စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” စသည့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်၊ ပြန့်ပွားမှုတားဆီးရေးစသည့် နိုင်ငံတကာ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် Leidos ကုမ္ပဏီစသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို တင်ပို့မှု ကြီးကြပ် ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး အောက်ပါအစီအမံများကို လုပ်ဆောင်သွားမည် ဖြစ်ရာ (၁) ဤ အမေရိကန် အဖွဲ့အစည်း ၁၅ ခုသို့ နှစ်မျိုးသုံးကုန်ပစ္စည်းများတင်ပို့မှုကို တားမြစ်ခြင်း၊ လုပ်ဆောင်လျက်ရှိသော သက်ဆိုင်ရာပို့ကုန်လုပ်ငန်းများကို ချက်ချင်းရပ်တန့်ခြင်း၊ (၂) အထူးအခြေအနေအရ အမှန်တကယ် လိုအပ်ပါက တင်ပို့သူသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထား ရမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ကြေညာချက်ထုတ်ပြန်သည့်ရက်မှစ၍ တရားဝင် စတင်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
Photo: Report.az