လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံမှ ပြစ်တင် ဝေဖန်

News Image

  • လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံမှ ပြစ်တင် ဝေဖန်

အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားရန် စီစဉ် ထားရှိမှုအပေါ် “ရန်သူများအနေဖြင့် ကြီးမားသည့်တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရလိမ့်မယ်” ဟု မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်စဉ် နှစ်နိုင်ငံပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ (၁၇) ရက်နေ့မှစတင်ကာ (၁၁) ရက်ကြာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ပုံဖော်၍ လေ့ကျင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်တို့က မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

 “အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်လုံခြုံရေးကို ပိုမိုဆိုးရွားစေလိမ့်မည်” ဖြစ်ကြောင်း မတ်လ ၇ ရက် တွင် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် KCNA ၏ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု အစီအစဉ်၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)