ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

News Image

  • ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

မော်စကို ဇွန် ၂၄

အီရန် နျူကလီးယားအဆောက်အအုံများအား အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုသည် ကမ္ဘာကြီးအား အန္တရာယ်များသည့် အခြေအနေ တစ်ခုအတွင်းသို့ တွန်းပို့နေ ကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၂၃ ရက်တွင် ဝေဖန်လိုက်သည်။ မော်စကိုမြို့သို့ ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီနှင့် ကရင်မလင် နန်းတော်၌ တွေ့ဆုံဆွေးနွေးစဉ် ရုရှားသမ္မတပူတင်က အီရန် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အဆိုပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်လေတပ်က အီရန် နျူကလီးယားအဆောက်အအုံများ ကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့ပြီး နောက် အဓိကမဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးရောက်ရှိနေခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခဲ့သောကြောင့် ကမ္ဘာကြီးကို အန္တရာယ်များသောအခြေအနေဆီသို့ တွန်းပို့နေကြောင်း ရုရှားသမ္မတပူတင် က အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရုရှားနှင့် အီရန်နိုင်ငံတို့သည် ယခုနှစ်စပိုင်းတွင် နှစ်၂၀ သက်တမ်း ရှိ မဟာဗျူဟာမြောက်မိတ်ဖတ် ဆက်ဆံရေးသဘောတူညီချက်ကို

လက်မှတ်ရေးထိုးထားသည်။ သို့ရာတွင် ယင်းသဘောတူညီ ချက်၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ရေးအရ အကာအကွယ်ပေးရေး ပြဋ္ဌာန်းချက် ပါဝင်မှုမရှိကြောင်း သိရသည်။
Ref: RT

Trs: KKO

YDNB Newspaper