ကနေဒါမှ တင်ပို့သည့် သံမဏိနှင့် အလူမီနီယမ်အပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်မကောက်ခံတော့ ဟု အိမ်ဖြူတော်ထုတ်ပြန်

News Image

  • ကနေဒါမှ တင်ပို့သည့် သံမဏိနှင့် အလူမီနီယမ်အပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်မကောက်ခံတော့ ဟု အိမ်ဖြူတော်ထုတ်ပြန်

ကနေဒါမှ အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် မတ်လ ၁ ရက်မှစ၍ အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့် ကောက်ခံရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို လက်လွှတ်လိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်Kush Desai က ထုတ်ပြန်ပြောကြားလိုက် ပါသည်။

အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ် Doug Ford နှင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် Lutnick တို့ ဆွေးနွေးပြီးနောက် ကနေဒါက အမေရိကန်သို့ လျှပ်စစ်ဓာတ်အားတင်ပို့မှု အပေါ် ၂၅ ရာခိုင်နှုန်း အခွန်ထည့်သွင်းမည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက် ကြောင်း သိရပါသည်။

သို့ရာတွင် ဒေါ်နယ်ထရမ့် ယခင်မူလညွှန်ကြားချက်အရ ကနေဒါနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများအားလုံးအတွက် သံမဏိနှင့် အလူမီနီယမ် ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို ခြွင်းချက်နှင့် ကင်းလွတ်ခွင့် မရှိစေဘဲ ကောက်ခံသွားမည်ဖြစ်ပြီး ထိုအမိန့်သည် မတ်လ ၁၂ ရက် ည ၁၂ နာရီတွင် အသက်ဝင်စေမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားထားပါသည်။ 

ယခုလုပ်ဆောင်ချက်မှာ ဒေါ်နယ်ထရမ့်က ကမ္ဘာ့အကြီးဆုံး စီးပွားရေးစွမ်းအားကို အသုံးချပြီး အမေရိကန်ပြည်သူများအတွက် အောင်ပွဲတစ်ခု ဆောင်ကြည်းပေးနိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါသည်။

ကိုးကား- TASS

Photo: BBC

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃