အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

News Image

  • အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

အမေရိကန်အစိုးရက ဂျပန်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ် ရန်ဆုံးဖြတ်မှုအပေါ်  စိတ်မကောင်းဖြစ်ရကြောင်း ဂျပန်အစိုးရက မတ်လ ၁၂ ရက်တွင်  ပြောကြားလိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျပန်-အမေရိကန်စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အပေါ် သက်ရောက်လာနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

ထို့ပြင် ဂျပန်နိုင်ငံမှ အမေရိကန်သို့ တင်ပို့နေသည့်  သံမဏိပို့ကုန်များသည်  အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိဟု ၎င်းကဆက်လက်ပြောကြားသည်။

ဂျပန်အစိုးရ၏  ထုတ်ပြန်ချက်သည်  ဂျပန်နိုင်ငံက အမေရိကန်သို့တင်ပို့နေသည့် အလူမီနီယံနှင့် သံမဏိထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန်    မတ်လ  ၁၂  ရက်တွင်  အမေရိကန်က ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်စီးပွားရေး၊  ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ယိုဂျိုမူတိုသည် ယခု ရက်သတ္တပတ် အစောပိုင်းက အမေရိကန် အစိုးရအဖွဲ့မှ အရာရှိများနှင့်   တွေ့ဆုံ၍ အခွန်တိုးမြှင့် ကောက်ခံခြင်းမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက  ထုတ်ပြန်ထားသည်။

Source: https://myawady.net.mm/