ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက “အိုရက်ရှ်နစ်” (Oreshnik) ဒုံးပစ် စနစ်အတွက် ဒုံးပစ်စင်များကို ထုတ်လုပ်နေကြောင်း ပြောကြား

News Image

  • ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက “အိုရက်ရှ်နစ်” (Oreshnik) ဒုံးပစ် စနစ်အတွက် ဒုံးပစ်စင်များကို ထုတ်လုပ်နေကြောင်း ပြောကြား

ဘယ်လာရုစ်သည် လက်ရှိတွင် “အိုရက်ရှ်နစ်” အတွက် ဒုံးပစ်စင်များ ထုတ်လုပ်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းထံမှ ဒုံးကျည်များ စောင့်မျှော်နေကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇ်ဇန်းဒါ လူကာရှန်ကို က ကြေညာခဲ့ပါသည်။ 

“မိမိသည် ထိုကိစ္စကို (ရုရှားသမ္မတ) ဗလာဒီမာ ဗလာဒီမီရိုဗစ် ပူတင်က စတင်ဖော်ပြချိန်တွင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ရာမှ ဒုံးကျည်အပြင် အခြားပစ္စည်းကိရိယာများ ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရှိခဲ့ရပြီး ဘယ်လာရုစ်နိုင်ငံက ၎င်းတို့ကို ထုတ်လုပ်လျက်ရှိပါသည်။ “အိုရက်ရှ်နစ်” အတွက် အသုံးပြုမည့် ဒုံးပစ်စင် အမြောက်အမြားကို ယခုအခါတွင် လက်တွေ့ပြီးစီးနေပြီ ဖြစ်ပါသည်” ဟု ဘယ်လာရုစ်သမ္မတလူကာရှန်ကို က ပြောကြားခဲ့ပါသည်။ 

“အစ်ကိုကြီး (ရုရှား) ထံမှ ဒုံးကျည်များ လိုအပ်လိမ့်မည်” ဟု ဘယ်လာရုစ် သမ္မတက ကောက်ချက်ချခဲ့ပါသည်။ 

ကိုးကား - RIA Novosti

Photo: www.pravda.com.ua