ဥရောပက တင်ပို့လာသည့် ဝိုင်၊ ရှန်ပိန် နှင့် ယာမကာများကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
ဥရောပကတင်ပို့လာသည့် ဝိုင်၊ ရှန်ပိန်နှင့် အခြားယာမကာများကို အခွန် ၂၀၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါသည်။
ဥရောပနိုင်ငံများသည် အမေရိကန်မှ တင်သွင်းနေသော ဝီစကီများ အပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုထားပါသည်။
အလူမီနီယမ်၊ သံမဏိ၊ မော်တော်ကား စသည်တို့အပေါ် အခွန် ကောက်ခံရန် ဆုံးဖြတ်ထားခြင်း ပြန်လည်ပြင်ဆင်မည် မဟုတ်ကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပါသည်။ ဥရောပ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တင်သွင်းလာသည့် အလူမီနီယမ်၊ သံမဏိများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို ပြီးခဲ့သည့် မတ်လ ၁၂ ရက် မှစ၍ ကောက်ခံနေပြီ ဖြစ်ပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃