ရုရှား၏ Kursk ဒေသမှ ယူကရိန်းတပ်ဖွဲ့များ ပိတ်ဆို့ တိုက်ခိုက်ခံရမှုများကြောင့် ကစဉ့်ကလျားဖြစ်နေ

News Image

  • ရုရှား၏ Kursk ဒေသမှ ယူကရိန်းတပ်ဖွဲ့များ ပိတ်ဆို့ တိုက်ခိုက်ခံရမှုများကြောင့် ကစဉ့်ကလျားဖြစ်နေ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရုရှားနယ်မြေ Kursk ဒေသကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သော ယူကရိန်းတပ်များသည် ရုရှား၏ ပြင်းထန်သော တန်ပြန်တိုက်စစ်ကို ကြုံတွေ့ခဲ့ရပြီး တပ်ဖွဲ့ဝင် အများအပြား ကျဆုံးကာ သိမ်းပိုက်ထားခဲ့သော နယ်မြေများ ပြန်လည်ဆုံးရှုံးမှုများနှင့်အတူ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရမှုများကြောင့် ကစဉ့်ကလျားဖြစ်ကာ စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများကို ပြင်းထန်စွာ ခံစားနေရပြီး ထောက်ပံ့ ပို့ဆောင်ရေးလမ်းကြောင်းများလည်း ဖြတ်တောက်ခံထားရကာ နေ့ခင်း ဘက်တွင် လှုပ်ရှားမှုမပြုနိုင်ကြောင်းနှင့် ဒရုန်းများ၏ စောင့်ကြည့် တိုက်ခိုက်မှုကို လွန်စွာစိုးရိမ်ကြောက်လန့်နေရသည်ဟု ဆိုသည်။

ယူကရိန်းတပ်ဖွဲ့များ၏ ဆိုးရွားသောအခြေအနေများကို ယူကရိန်းတပ်ဖွဲ့ဝင် အချို့က BBC ထံပေးပို့ခဲ့ကြကြောင်းနှင့် တွေ့မြင်ရမှုများသည် ထိတ်လန့် ဖွယ်ရာ ရုပ်ရှင်ဇာတ်လမ်းများထက်ပင် ပိုမိုနေကြောင်း တွေ့မြင်ခဲ့ရသည် ဟု သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားတပ်ဖွဲ့များက Kursk ဒေသ၏ အဓိကမြို့ Sudzha ကို ပြန်လည် သိမ်းပိုက်ခဲ့ပြီး ယူကရိန်းတပ်များ၏ ထောက်ပံ့ရေးလမ်းကြောင်း Sudzha- Sumy ကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။ 

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂