ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရားစီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား

News Image

  • ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံ တစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရားစီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား

ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရား စီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား ခဲ့ပါသည်။

မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေး ဝန်ဆောင်မှုများသည် လွန်ခဲ့သော တစ်နှစ်က Crocus City Hall ဂီတပွဲခန်းမတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ခြင်းနှင့် အကောင်အထည် ဖော်ခဲ့ခြင်းတို့အတွက် တာဝန်ရှိကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆွီတ်လာနာ ပက်ထရန်ကိုက ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏အခြေအနေကို မတည်ငြိမ်အောင် ဖန်တီးရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

“စုဆောင်းရရှိခဲ့သော သက်သေအထောက်အထားများအပေါ် အခြေခံ၍၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ အကြမ်းဖက်မှုကို ရုရှားနိုင်ငံ၏ အခြေ အနေကို မတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှုများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အကောင်အထည်ဖော်ရန် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းဝင်များကို စုဆောင်းခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မတီ၏ ကိုယ်စားလှယ်က မည်သည့်နိုင်ငံဖြစ်ကြောင်းကို တိတိကျကျ ဖော်ပြခြင်း မရှိပါ။ ယခင်က ရုရှားဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့၏ ဒါရိုက်တာ အလက်ဇန်းဒါ ဘော့နစ်ကော့ဗ်က Crocus ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ယူကရိန်း စစ်ဘက် ထောက်လှမ်းရေးအဖွဲ့တို့ တိုက်ရိုက်ဆက်သွယ်မှုရှိကြောင်း ပြောကြားခဲ့ သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် မော်စကိုဒေသ ခရက်နို ဂေါ့စခ်မြို့ရှိ Crocus City Hall ဂီတပွဲကြည့်စင်၌ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄၅ ဦး သေဆုံးခဲ့ကာ သေဆုံးသူများတွင် ကလေး ၆ ဦးပါဝင်ပြီး လူပေါင်း ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ယခုအကြမ်းဖက်တိုက်ခိုက်မှုတွင် တရားခံ ၁၉ ဦးကို စွဲချက်တင်ထားပြီး ၎င်းတို့သည် လက်ရှိတွင် တရားစွဲဆိုထားသော အကြောင်းအရာများကို ပြန်လည်သုံးသပ်နေကြကာ သုံးသပ်ပြီးပါက တရားရုံးသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

ကိုးကား - Tass

Photo: www.aa.com.tr