ရွှေဖရုံသီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်

News Image

  • ရွှေဖရုံသီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ရွှေဖရုံသီးနှံကို မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။

ရွှေဖရုံသီးကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး လေးလခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဘူးသီးဖရုံမျိုးနှင့် ရွှေဖရုံမျိုး(အဝါရောင်) များကို စိုက်ပေါင်ပြုလုပ်၍ အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ခြောက်သိန်းခန့်ကုန်ကျပြီး အလုံးရေ ၄၀၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်ဒေသတွင်းရောင်းချမှုအပြင် မန္တလေးမြို့သို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များရရှိကြောင်း ဖရုံသီးနှံစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

DOCA (မန္တလေး)

Source: မြန်မာ့အလင်းသတင်းစာ