ဟယ်လိဖုန်းက နိုင်ငံစုံ ကုမ္ပဏီများမှ တာဝန်ခံများအား တွေ့ဆုံ

News Image

  • ဟယ်လိဖုန်းက နိုင်ငံစုံ ကုမ္ပဏီများမှ တာဝန်ခံများအား တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း သည် Apple၊ Pfizer၊ Brookfield၊ Medtronic၊ Mastercard၊ Eli Lilly၊ Cargill၊ Corning စသည့် နာမည်ကျော် နိုင်ငံစုံကုမ္ပဏီများမှ တာဝန်ခံများနှင့် မတ် ၂၃ ရက် ညနေပိုင်းက တွေ့ဆုံပြီး ကမ္ဘာလုံးဆိုင်ရာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေး စသည်နှင့်စပ်လျဉ်း၍ အမြင်သဘောချင်း ဖလှယ်ခဲ့ကြသည်။

ဟယ်လိဖုန်းက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခံနိုင်ရည်စွမ်းအားကောင်းမှု၊ အလားအလာကြီးမားမှု၊ တက်ကြွ စွမ်းအားပြည့်ဝမှုရှိကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို မပြောင်းမလဲခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်သလို ပြည်ပအဆင့်မြင့်တံခါးဖွင့်လှစ်ရေးကို တိုးချဲ့သွားမည်ဖြစ်ပြီး စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံတွင် နိုင်ငံစုံကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်၊ တိုးတက်မှုအခွင့်အလမ်းများ မျှဝေခံစားရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- New China