BIMSTEC ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဘန်ကောက် တွင် အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဘင်္ဂလားပင်လယ်အော်ဒေသ ဘက်စုံကဏ္ဍနှင့် နည်းပညာဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအား ဧပြီလ ၂ ရက်နေ့တွင် ၂၅ကြိမ်မြောက် BIMSTEC အကြီးတန်းအရာရှိများအဆင့် အစည်းအဝေး နှင့် ဧပြီလ ၃ ရက်နေ့တွင် ၂၀ကြိမ်မြောက် BIMSTEC ဝန်ကြီးများအဆင့်အစည်းအဝေးတို့အပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော ခေါင်းဆောင်များ
၁။ ဘင်္ဂလားဒေ့ရှ် - H.E. Professor Muhammad Yunus (ပြည်သူ့သမ္မတနိုင်ငံ၏ အကြံပေးအရာရှိချုပ်)
၂။ ဘူတန် - H.E. Dasho Tshering Tobgay (ဝန်ကြီးချုပ်)
၃။ အိန္ဒိယ - H.E. Shri Narendra Modi (ဝန်ကြီးချုပ်)
၄။ မြန်မာ - H.E. Senior General Min Aung Hlaing (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်)
၅။ နီပေါ - H.E. KP Sharma Oli (ဝန်ကြီးချုပ်)
၆။ သီရိလင်္ကာ - H.E. Dr. Harini Amarasuriya (ဝန်ကြီးချုပ်)
၇။ ထိုင်း - H.E. Ms. Paetongtarn Shinawatra (ဝန်ကြီးချုပ်)
အစည်းအဝေး၏ အဓိကရည်မှန်းချက်
“သာယာဝပြော၍ ခံနိုင်ရည်ရှိပြီး ပွင့်လင်းမြင်သာမှုရှိသော BIMSTEC” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သော အစည်းအဝေးသည် အဖွဲ့ဝင် နိုင်ငံများအကြား လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့သည်။
ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး၏ အဓိက ရလဒ်များ
၁။ ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကြေညာ စာတမ်း အား အတည်ပြုခြင်း
၂။ BIMSTEC ဘန်ကောက်မျှော်မှန်းချက် ၂၀၃၀ ကို အတည်ပြုခြင်း (ပထမဆုံးသော မျှော်မှန်းချက်စာတမ်း)
၃။ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း
၄။ BIMSTEC နှင့် IORA (အိန္ဒိယသမုဒ္ဒရာဒေသအဖွဲ့) အကြား MoU လက်မှတ်ရေးထိုးခြင်း
၅။ BIMSTEC နှင့် UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး) အကြား MoU လက်မှတ်ရေးထိုးခြင်း
၆။ BIMSTEC လုပ်ငန်းစဉ်များ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအား အတည်ပြုခြင်း
၇။ BIMSTEC ၏ အနာဂတ်လမ်းညွှန်ချက်ဆိုင်ရာ Eminent Persons Group အစီရင်ခံစာ အား အတည်ပြုခြင်း
၉။ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနှင့်ထိုင်းနိုင်ငံတို့၌ လှုပ်ခတ် ခဲ့သော ငလျင်ဘေးအား အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အား ထောက်ခံ အတည် ပြုခြင်း
အခြားအရေးပါသော ဆွေးနွေးချက်များ
ခေါင်းဆောင်များသည် ဒေသတွင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ရာသီဥတုလုပ်ဆောင်ချက်များ၊ စိမ်းလန်းစွမ်းအင် နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အလေးထား ဆွေးနွေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းခြင်း
အစည်းအဝေးအပြီးတွင် BIMSTEC ၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူ ခဲ့သည်။
နိဂုံး
ကမ္ဘာ့နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေများ ပိုမိုရှုပ်ထွေးလာသည့် အချိန်တွင် BIMSTEC သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါထိပ်သီးအစည်းအဝေးသည် ဘင်္ဂလားပင်လယ်အော်ဒေသ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် အခက်အခဲများ ကျော်ဖြတ်နိုင်ရေး အတွက် ခံနိုင်စွမ်းကို မြှင့်တင်ရာတွင် အရေးပါသော တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ဖြစ်စေခဲ့သည်။
ကိုးကား-အင်တာနက်စာမျက်နှာများ