ဖူဂျီတောင်ခြေမှာထွက်ပေါ်လာတော့မယ့် ကမ္ဘာ့ပထမဆုံးသော စက်ရုပ်မြို့တော်

News Image

  • ဖူဂျီတောင်ခြေမှာထွက်ပေါ်လာတော့မယ့် ကမ္ဘာ့ပထမဆုံးသော စက်ရုပ်မြို့တော်

ဖူဂျီတောင်ဆိုတာ ဂျပန်နိုင်ငံအတွက်အထင် ကရအဖြစ်ဆုံးသောနေရာတစ်ခုအဖြစ် လူသိများပါတယ်။ အဲဒီလိုနေရာမှာ နောက်ထပ် အထင်ကရဖြစ်စေမယ့်အရာတစ်ခု ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ သိပ်မကြာလှတဲ့အချိန်မှာပေါ့။ အဲဒီအရာကဘာလဲဆိုရင် ကမ္ဘာပေါ်မှာပထမဆုံးဖြစ် လာမယ့် စက်ရုပ်မြို့ တော်ပါပဲ။ တိုယိုတာကုမ္ပဏီက ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။

အခုလိုမျိုးအကောင်အထည်ပေါ်လာစေဖို့စိတ်ကူးနဲ့ပုံဖော်မှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်ခဲ့ရတာပါ။ တည်ဆောက်မှုအတွက်ကိုတော့  အချိန်ငါးနှစ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ကိုပေးထားတဲ့အမည် က "Woven City"ပါ။ ဧရိယာ ၁၇၅ ဧကမှာတည်ဆောက်ထားတဲ့စက်ရုပ်မြို့တော်က အနာဂတ်ကာလမှာ ကြုံတွေ့ရမယ့်သွားလာလှုပ်ရှားမှု၊ စမတ်ဖြစ်တဲ့အခြေခံအဆောက်အဦနဲ့ ရေရှည်ထိန်းသိမ်းနိုင်မယ့် နေထိုင်မှုပုံစံတို့ကို လက်တွေ့စမ်းသပ်မှုလုပ်နိုင်စေမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။

တိုယိုတာကုမ္ပဏီက Woven City ကို CES 2020 မှာစတင်ကြေညာခဲ့တာဖြစ်ပြီး ဒီနှစ်ဆောင်းရာသီမှာတော့ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ တိုယိုတာဆိုတာ တော်ကားထုတ်လုပ်သူအဖြစ်သာရပ်တည်ခဲ့ရာမှ အခုအချိန်မှာတော့ သွားလာလှုပ်ရှားမှုအခြေခံတဲ့ နည်းပညာကုမ္ပဏီအဖြစ်ကို ပြောင်းလဲလာပြီဆိုတာ Woven City တည်ဆောက်မှုမှာ မြင်တွေ့လာရပါတယ်။

ကမ္ဘာ့ပထမဆုံးသော စက်ရုပ်မြို့တော်ဖြစ်လာတဲ့ Woven City မှာ ကနဦးအနေနဲ့ လူအယောက် ၁၀၀ ကိုနေထိုင်ခွင့်ပြုသွားမှာပါ။ အဲဒီမှာနေထိုင်သွားမယ့် သူတွေက တိုယိုတာကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေဖြစ်ပါတယ်။

ရေရှည်မှာတော့ လူဦးရေ ၂၀၀၀ အထိကိုလက်ခံသွားမှာဖြစ်ပြီး လက်ရှိပထမအဆင့်မှာလူဦးရေ ၃၆၀ ကို နေထိုင်ခွင့်ပြုသွားမှာပါ။

လတ်တလောမှာ အဓိကနေထိုင်သူအုပ်စုနှစ်ခုနဲ့ စက်ရုပ်မြို့တော်ကိုပုံဖော်သွားမှာဖြစ်ပါတယ်။ ပထမ အုပ်စုက တီထွင်သူများဖြစ်ပြီး ဒုတိယအုပ်စုကအသုံး ပြုသူများဖြစ်ပါတယ်။ တီထွင်သူများအုပ်စုက နည်းပညာအသစ်တွေကို စိတ်ကူးပုံဖော်ဖန်တီးမယ်။ အဲဒီအချိန်မှာပဲ အသုံးပြုသူများက တီထွင်သူများ ဖန်တီးထားတဲ့နည်းပညာအသစ်တွေကို နေ့စဉ်ဘဝမှာအသုံးပြုပြီး လိုအပ်ချက်တွေနဲ့တုံ့ပြန်မှုတွေကို တီထွင်သူများဆီပြန်ပြောပေးရမှာဖြစ်ပါတယ်။

မြေပြင်မှာရှိတဲ့လမ်းတွေကိုလည်း အမျိုးအစား သုံးမျိုးခွဲခြားသွားမှာပါ။ တစ်မျိုးက လမ်းသွားလမ်းလာများအတွက်၊ ဒုတိယတစ်မျိုးက စက်ဘီးတို့၊ စကူ တာတို့လိုမျိုး အနှေးယာဉ်များအတွက်နဲ့ တတိယတစ်မျိုးက မောင်းသူမဲ့ယာဉ်များအတွက်ဆိုပြီးဖြစ်ပါတယ်။ ဒီလိုမျိုးခွဲခြားဖန်တီးရတဲ့ရည်ရွယ်ချက်က အလိုအလျောက်သုံးစနစ်တွေကို ထိန်းချုပ်ထားတဲ့ နေရာမှာစမ်းသပ်မှာဖြစ်ပေမယ့်လည်း မြို့ပြပုံစံကို အပြည့်အဝပုံဖော်ပြီး စမ်းသပ်သွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့တည်ဆောက်သွားမယ့်မြို့တော်က လူအားလုံး၊ အဆောက်အအုံအားလုံး၊ ယာဉ်အားလုံးနဲ့  အရာအားလုံးကို အာရုံခံကိရိယာတွေ၊  AI တွေနဲ့ချိတ်ဆက်မယ့်မြို့ဖြစ်ပါတယ်”လို့ တိုယိုတာ ရဲ့ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ အာကီယိုတိုယိုဒါက ပြောထားပါတယ်။                    

Ref: IE

ကိုထက်

MWD Web Portal