အမေရိကန် စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများကို ဥရောပက အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မည်
ဥရောပမှ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်က အခွန် စည်းကြပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ တင်ပို့သော စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများအပေါ် ဥရောပက အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် လုပ်ဆောင်နေကြောင်း RMF FM ရေဒီယိုဌာနက ပြောကြားထားပါသည်။
ထိုအခွန်စည်းကြပ်မှုကို မေလ ၁၆ ရက်တွင် စတင်မည်ဖြစ်ပါသည်။ ထို့ပြင် မေလ ၉ ရက်တွင် ဥရောပနိုင်ငံများမှ ကိုယ်စားလှယ်များသည် အမေရိကန်၏ အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် နောက်ထပ် အမေရိကန်၏ အခြားကုန်ပစ္စည်းများအား အခွန်စည်းကြပ်ရန် မဲခွဲဆုံးဖြတ်ကြမည်ဟု အဆိုပါရေဒီယို ထုတ်လွှင့်ချက်အရ သိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category