US သွင်းကုန်များအပေါ် ပထမအသုတ်အဖြစ် EU က ဧပြီ ၁၅ မှစ၍ အခွန်စည်းကြပ်မည်

News Image

  • US သွင်းကုန်များအပေါ် ပထမအသုတ်အဖြစ် EU က ဧပြီ ၁၅ မှစ၍ အခွန်စည်းကြပ်မည်

ဥရောပသမဂ္ဂကောင်စီက အမေရိကန်မှ ဥရောပသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်ပထမအကြိမ်အဖြစ် အခွန်စည်းကြပ်ရန် စာရင်းကို အတည်ပြုလိုက်ပြီး လာမည့် ဧပြီလ ၁၅ ရက်မှစတင် ကျင့်သုံးမည် ဖြစ်ကြောင်း ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။

ဥရောပ၏ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်၏ အခွန် စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပကော်မရှင် အကြံပြုချက် အရ ကုန်သွယ်ရေးအရေးယူမှုများ ပြုလုပ်ရန် ဥရောပအဖွဲ့ဝင်နိုင်ငံများက မဲပေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း Bloomberg သတင်းဌာနအပါအဝင် မီဒီယာများ၏ ယခင်က ဖော်ပြချက်အရ ယင်းအခွန် များမှာ ၂၅ ရာခိုင်နှုန်းအထိရှိနိုင်ပြီး အမေရိကန်မှ တင်သွင်းလာမည့် ၂၁ ဘီလီယံ ယူရိုတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ ထိုအခွန်စည်းကြပ်မည့်ပစ္စည်းများတွင် စိုက်ပျိုးရေးနှင့် စက်မှု ထုတ်ကုန်များအပါအဝင် အမေရိကန်၏ နာမည်ကြီးထုတ်ကုန်များ ဖြစ်သည့် မော်တော်ဆိုင်ကယ်နှင့် ဂျင်းဘောင်းဘီများ ပါဝင်နေပါသည်။

ကိုးကား- TASS 

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃