ကာဇက်စတန်က ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံများအား ရှားပါးသတ္တု တူးဖော်ရေးတွင် ပူးပေါင်းရန် ဖိတ်ခေါ်

News Image

  • ကာဇက်စတန်က ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံများအား ရှားပါးသတ္တု တူးဖော်ရေးတွင် ပူးပေါင်းရန် ဖိတ်ခေါ်

ကာဇက်စတန်၏ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu သည် ဗဟိုအာရှ-ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ  (GCC) ၏ ဒုတိယ အကြိမ်မြောက် ဝန်ကြီးများအဆင့်အစည်းအဝေးအပြီးတွင်ကာဇက်စတန်၏ ရှားပါးသတ္တု (တန်ဖိုး အမေရိကန်ဒေါ်လာ ၄၆ ထရီလီယံကျော်) ကို ပူးပေါင်း တူးဖော်ရန် GCC အဖွဲ့ဝင်နိုင်ငံများကို အဆိုပြုဖိတ်ကြားလိုက်ပါသည်။ 

ကာဇက်စတန်တွင် သတ္တုသိုက် ၅,၀၀၀ ကျော် ရှိပြီး ခန့်မှန်းတန်ဖိုး ဒေါ်လာ ၄၆ ထရီလီယံကျော် ရှိပါသည်။   GCC နိုင်ငံများမှ ဘူမိရှာဖွေရေး၊ အဆင့်မြင့် ထုတ်လုပ်ရေးနှင့် နည်းပညာအသစ်များနှင့်ပတ်သက်သည့်  စီးပွားရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ကြရန် ၎င်းက ဖိတ်ခေါ်ခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃