မိုးကြိုးလွှဲပြီး စွမ်းအင်ပေးမယ့် ဂျပန်ရဲ့ ဒရုန်းနည်းပညာအသစ်
ဂျပန်နိုင်ငံမှာ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်ဆုံးရှုံးမှု တန်ဖိုးက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အထိရှိပါတယ်။ ဒါကြောင့် ဂျပန် NTT ကုမ္ပဏီက ဒရုန်းစနစ်တစ်မျိုး ကိုဖန်တီးလိုက်ပါတယ်။
အဲဒီဒရုန်းစနစ်က မိုးကြိုးပစ်ခြင်းကို ခံနိုင်ရည်ရှိတဲ့အတွက် မိုးကြိုးလွှဲပေးမယ့် အပြင် အဲဒီမိုးကြိုးပစ်ခြင်းကနေ လျှပ်စစ်ဓာတ်အားရယူပြီး စွမ်းအင်ပြန်ပေးသွားနိုင်မယ်လို့ဆိုပါတယ်။
အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်စေဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ NTT ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ သူတို့ကအဲဒီစနစ်ကို စမ်းသပ်ထားနိုင်ပြီ ဖြစ်ကြောင်းနဲ့ သိပ်မဝေးတော့တဲ့ အချိန်ကာလရောက်ရင် မြို့ကြီးပြကြီးတွေမှာ လက်တွေ့ဖြန့်ကြက် အသုံးပြုသွားတော့မှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: https://myawady.net.mm/