ဂျပန်၌ ဆန်ဈေးနှုန်းများ သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာ

News Image

  • ဂျပန်၌ ဆန်ဈေးနှုန်းများ သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာ

ဂျပန်နိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများသည် သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သောအချက် အလက်များတွင် တွေ့ရသည်။

အစိုးရကသိုလှောင်ထားသည့်အရန် ဆန်များကို ဈေးနှုန်းလျှော့ချ၍ ဈေးကွက် အတွင်းရောင်းချပေးမှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်သည်။ 
ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် လယ်ယာ ဝန်ကြီးအသစ်က အရေးပေါ်ဆန်များကို လေလံဆွဲခြင်းမှတစ်ဆင့် ရောင်းချဖြန့်ဖြူး ပေးမှုစနစ်ကိုဖျက်သိမ်းလိုက်သည်။

ထိုစနစ်အစား လက်ကားကိုယ်စား လှယ်များထံသို့ လိုအပ်သလောက်သာ ထုတ်ပေးသောစနစ်သို့ပြောင်းလဲပြီး စားသုံး သူများအနေဖြင့် ဆန် ၅ ကီလိုဂရမ်လျှင် ယန်း ၂၀ဝ၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်စေ ရေးကို စီစဉ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

Ref: RTA