အဲအိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ချွတ်ယွင်းမှုတစ်ခုကြောင့် ဟောင်ကောင်သို့ပြန်ဆင်း
ဟောင်ကောင်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာလာသည့် အဲအိန္ဒိယလေကြောင်း : Boeing 787-8 Dreamliner အစား ခရီးသည်တင်လေယာဉ်တစ်စင်း သည် လေဆိပ်မှပျံတက်ပြီးနောက် နာရီ ဝက်ခန့်အကြာတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက်တစ်ခုကြောင့် ဟောင်ကောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုဖြစ်ပွားကြောင်းသိရသည်။
အဆိုပါလေယာဉ်မှလေယာဉ်မှူးက လေယာဉ်ပျံသန်းနေစဉ် နည်းပညာပိုင်း ဆိုင်ရာချွတ်ယွင်းချက်ကို သတိပြုမိသည့်အတွက် ဟောင်ကောင်လေဆိပ်ရှိ လေ ကြောင်းထိန်းချုပ်ရေးဌာနသို့ သတင်းပို့ကာ ယင်းလေဆိပ်၌ဘေးကင်းစွာပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ထိုလေယာဉ်ကို ဘေးကင်းစိတ်ချရမှုရှိစေရေး အတွက် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အဲအိန္ဒိယလေကြောင်းလိုင်းမှ အလားတူ အမျိုးအစားလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးမကြာမီမှာပင် ပျက်ကျမှုဖြစ်ပွားထားကြောင်းသိရသည်။
Ref: SCMP
Photo - NBC News