ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်မှတ်ရေးထိုး

News Image

  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်မှတ်ရေးထိုး

ရန်ကုန်  ဧပြီ ၂၃

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၄၆ (စီ) အောင်တော်မူလမ်းသွယ် သံလွင်လမ်း ရွှေတောင်ကြားဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံဆိုင်ရာ ဟိုလီဆီး (ဗာတီကန်မြို့ပြနိုင်ငံ) သံရုံးတွင် ဖွင့်လှစ်ထားရှိ‌သော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဟိုလီဆီး (ဗာတီကန်မြို့ပြနိုင်ငံ) သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ပုပ်ရဟန်းမင်းကြီးကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကြောင်း သိရသည်။

Source: မြဝတီသတင်းစာ