အိန္ဒိယ၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လူခုနစ်ဦးသေဆုံး

News Image

  • အိန္ဒိယ၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လူခုနစ်ဦးသေဆုံး

နယူးဒေလီ၊ မတော်တဆမှု
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုဖြစ်သော ဥတ္တရခန်းပြည်နယ်၌ ဇွန်လ ၁၅ ရက်နံနက်အစောပိုင်းတွင် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်းပျက်ကျမှု ဖြစ်ပွားရာ ကလေးနှစ်ဦး၊ လေယာဉ်မှူးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ပါဝင်သည့်၏ လူခုနစ်ဦးသေဆုံးကြောင်း အစိုးရအဖွဲ့ ၍ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါရဟတ်ယာဉ်သည် ဟိန္ဒူဘာသာဝင်များ ဘုရားဖူးသွားလေ့ရှိရာနေရာမှ ဖြစ်သည့် ကီဒါနက်မှ ၇ ကီလိုမီတာသာ ကွာဝေးသည့် ဂွတ်ကာရှီသို့ပျံသန်းလာစဉ် ပျက်ကျသွားခြင်းဖြစ်သည်။

ကနဦးတင်ပြချက်များ၊ မျက်မြင်တွေ့ ရှိသူများ၏ပြောဆိုချက်များအရ ရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ် သူမရှိနိုင်တော့ကြောင်းနှင့် ရဟတ်ယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗီနေးရှန်ကာ ပန်ဒေးကပြောသည်။

အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များက အခင်း ဖြစ်ပွားရာနေရာသို့သွားရောက်၍ ရှာဖွေ ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

Ref.: Xinhua

Photo - BBC