မိုးပြာရောင် အရောင်သစ်နဲ့ထွက်ပေါ်လာမယ့် iPhone 17 Pro
အပ်ပဲကုမ္ပဏီက ဒီနှစ်ထဲမှာ iPhone 17 ကို ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ သူတို့က တစ်နှစ်ကိုထင်ရှားတဲ့ အရောင်တစ်မျိုးနဲ့ ဖုန်းတွေကိုထုတ်လုပ်လေ့ရှိတာပါ။ ဒီနှစ်မှာတော့ အပ်ပဲက iPhone 17 Pro ကိုမိုးပြာရောင်အရောင်နဲ့ ထွက်ပေါ်လာမယ်လို့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းကို ထုတ်ပြန်လိုက်တာက Majin Bu ဆိုတဲ့ဝက်ဆိုက်ပါ။ သူတို့က အပ်ပဲထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ထုတ်ပြန်လေ့ရှိပါတယ်။၊
အခုသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာက iPhone 17 Pro နဲ့ Pro Max တို့အတွက် ထင်ရှားတဲ့အရောင်က M4 MacBook Air အရောင်နဲ့ ဖြစ်လာမယ်လို့ဆိုပါတယ်။ အပ်ပဲက M4 MacBook Air ကို ပြီးခဲ့တဲ့လကမှ ထုတ်လုပ်လိုက်တာပါ။
ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်က မှန်ကန်ကြောင်း သက်သေပြနိုင်တဲ့အချက်တစ်ချက်က အပ်ပဲအနေနဲ့ iPhone 17 Pro ကို ရှေ့ပြေးပုံစံတွေ ထုတ်လုပ်နေပြီ လို့ အတွင်းသတင်းတွေက ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အပ်ပဲက သူတို့ရဲ့ဖုန်းတွေကိုအပြာနုရောင်နဲ့ မထုတ်လုပ်တာကြာပါပြီ။ ၂၀၂၁ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်တုန်းက အပ်ပဲရဲ့ iPhone 13 Pro တွေကို Sierra Blue လို့ခေါ်တဲ့ အပြာနုရောင်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီအရောင်ကို အသုံးမပြုခဲ့ဘဲ အခုမှပဲ မိုးပြာရောင်နဲ့ ဖုန်းထုတ်လုပ်ဖို့ လုပ်လာတာဖြစ်ပါတယ်။
Source: https://myawady.net.mm/