ဟွားဝေ-ချယ်ရီပူးပေါင်းမှုနဲ့ ၁၆၂၇ ကီလိုမီတာ ခရီးသွားနိုင်မယ့် Luxeed R7
တရုတ်နိုင်ငံရဲ့ နည်းပညာဂုရုကြီးဖြစ်တဲ့ ဟွားဝေကုမ္ပဏီနဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ချယ်ရီတို့က Luxceed ဆိုတဲ့ သူတို့ရဲ့လျှပ်စစ်ကား အမျိုးအစားထဲမှာ R7 ဆိုတဲ့မော်ဒယ်အသစ်ကို ထပ်မံထည့်သွင်းလိုက်ပါပြီ။
Max နဲ့ Ultra ဆိုပြီး အမျိုးအစားနှစ်မျိုးနဲ့ ထွက်ပေါ်လာမယ့် Luxeed R7 က အသုံးပြုသူများကို အလွန်ဝေးကွာတဲ့ခရီး တစ်ခုဆီခေါ်ဆောင်သွားနိုင်စေဖို့ ကတိပြုမှုနဲ့အညီ ထုတ်လုပ်ထားတဲ့ ကားပါ။
Luxceed အမျိုးအစားကားတွေက လျှပ်စစ်ကားတွေဖြစ်ပေမယ့် R7 ကတော့ အင်ဂျင်နဲ့လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ကားတစ်စီးပါ။ အမျိုးအစားနှစ်မျိုးစလုံးမှာ ၆၇ လီတာဆန့်တဲ့ ဆီတိုင်ကီနဲ့ အတူ ၁ ဒသမ ၅ လီတာအင်ဂျင်ကို ၅၃ ဒသမ ၄ ကီလို ဝပ်နာရီရှိတဲ့ ဘက်ထရီနဲ့ ပေါင်းစပ်ပေးထားတာကြောင့် ၁၆၂၇ ကီလိုမီတာအထိ ခရီးပေါက်စေမှာဖြစ်ပါတယ်။
Source: https://myawady.net.mm/
MM-News-Category