တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်းစားနေ

News Image

  • တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်းစားနေ

တရုတ်နိုင်ငံက  ရုရှားနိုင်ငံနှင့်ပူးတွဲတည်ဆောက်ရန် စီစဉ်နေသည့် အပြည်ပြည်ဆိုင်ရာ   လသုတေသနစခန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်စေရေးအတွက် လ ပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်လုံးကို တည်ဆောက်ရန် စဉ်းစားနေကြောင်း အရာရှိကြီးတစ်ဦး၏ ဧပြီလ ၂၃ ရက်တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများကို စေလွှတ်ပြီး လူနေထိုင်နိုင်သော အမြဲတမ်း အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။

မူလက လပေါ်တွင်လိုအပ်သောလျှပ်စစ်ဓာတ်အားများအတွက် အလွန်ကြီးမားသော ဆိုလာပြားများကို တပ်ဆင်အသုံးပြုသွားမည်ဟု တရုတ်နိုင်ငံကရည်ရွယ်ထားသည်။ ထိုအချိန်က လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားပေးရန် ရုရှားအစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှန်ဟိုင်းမြို့တွင်လုပ်ဆောင်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်သည့် အခမ်းအနားတစ်ခု၌ တရုတ်တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပိုင်ကျိုးယုကလပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်သွားမည်ဟု အတည်ပြုပြောခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင် အပြည်ပြည်ဆိုင်ရာလ သုတေသနစခန်း၌ လက်တွဲအလုပ်လုပ်ရန် နိုင်ငံပေါင်း ၅၀၊ သုတေသနအဖွဲ့ ၅၀၀ နှင့် ပြည်ပသုတေသီ ၅၀၀၀ တို့ကို တရုတ်အစိုးရက ဖိတ်ခေါ်သွားမည်ဖြစ်သည်။

Source: https://myawady.net.mm/

နည်းပညာသတင်း