ကက်ရှမီးယားဒေသ၌အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၆ ဦးအထိရှိ

News Image

  • ကက်ရှမီးယားဒေသ၌အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၆ ဦးအထိရှိ

အိန္ဒိယနိုင်ငံဘက်ခြမ်းရှိကက်ရှမီးယား ဒေသ၌ ဧပြီလ ၂၂ ရက်တွင် အကြမ်းဖက်သမားများ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသူခရီးသွား၂၆ ဦးအထိမြင့်တက် ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးအထိရှိကြောင်း ရဲတပ်ဖွဲ့က ဧပြီလ၂၃ ရက်တွင်ထုတ်ပြန်ထားသည်။

ယခုကဲ့သို့တိုက်ခိုက်မှုသည်၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုဖြစ်ပြီးနောက်အကြမ်းဖက်သမားများကြောင့်လူသေဆုံးမှုအများဆုံးသော တိုက်ခိုက်မှုတစ်ခုဖြစ် ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာနေရာသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းတိုက်ပွဲများမရှိဘဲငြိမ်းချမ်းနေသည့်ခရီး သွားများကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်သော ပါဟယ်ဂမ်ဒေသ၌ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူများမှာ အိန္ဒိယနိုင်ငံ သား ၂၅ ဦးနှင့် နီပေါနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် ကြောင့် ဆော်ဒီအာရေဗျသို့ခရီးသွားနေသည့် အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံသို့ချက် ချင်းပြန်လာကြောင်းသိရသည်။ 

Ref: TST

Source: https://myawady.net.mm/