တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခွန်များလျှော့ချပေးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာ

News Image

  • တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခွန်များလျှော့ချပေးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံအနေဖြင့် တရုတ်ပြည်မှ ကုန်ပစ္စည်းများအား ကောက်ခံသည့် အကောက်ခွန်နှုန်းထားများကိုလျှော့ချမည်ဟု ကြေညာခဲ့သော်လည်း အခွန်နှုန်းများကို သုညအထိ လျှော့ချမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါသည်။ 

အိမ်ဖြူတော်တွင် သတင်းမီဒီယာများ၏မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် “လက်ရှိတွင် တရုတ်ပြည်မှ ကုန်ပစ္စည်းများအား စုစုပေါင်း ၁၄၅% အကောက်ခွန်ကောက်ခံနေရာမှ ယခုလို မြင့်မားသောနှုန်းထား ဆက်မရှိနိုင်တော့ပါ” ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ ၎င်းက “အခွန်နှုန်းများ အမှန်ပင် သိသိသာသာ လျော့ကျသွားမည် ဖြစ်သော်လည်း လုံးဝသုညအထိ ရောက်ရှိမည်မဟုတ်ပါ” ဟု ရှင်းလင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tass