ကုန်သွယ်ရေး အကန့်အသတ် ချမှတ်ရန် စဉ်းစားနေသောနိုင်ငံများအား တရုတ် သတိပေးချက် ထုတ်ပြန်

News Image

  • ကုန်သွယ်ရေး အကန့်အသတ် ချမှတ်ရန် စဉ်းစားနေသောနိုင်ငံများအား တရုတ် သတိပေးချက် ထုတ်ပြန်

အမေရိကန်နိုင်ငံမှ အကောက်ခွန်သက်သာခွင့် ရရှိစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး အကန့်အသတ်ချမှတ်ရန် စဉ်းစားနေသော နိုင်ငံများအား ပြန်လည်အရေးယူမည်ဟု ပေကျင်း အစိုးရက သတိပေး လိုက်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည်အခြားနိုင်ငံများအား တရုတ်နိုင်ငံ နှင့် ကုန်သွယ်ရေးအကန့်အသတ်ချမှတ်ရန် ဖိအားပေးလျက်ရှိပြီး ငွေကြေး ဆိုင်ရာ ဒဏ်ခတ်မှုများ ပါဝင်နိုင်ကြောင်း သတင်းများက ဖော်ပြထား ပါသည်။

တရုတ်၏ အကျိုးစီးပွားကို ထိပါးစေသည့် မည်သည့် သဘောတူညီချက်ကိုမဆို တင်းတင်းမာမာ ကန့်ကွက်ကြောင်း၊ တုံ့ပြန်အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ထားပါသည်။

အမေရိကန်သည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲတွင် ကုန်ပစ္စည်းများအား စုစုပေါင်း ၁၄၅ ရာခိုင်နှုန်းအထိ အကောက်ခွန်တိုးမြှင့်ခဲ့ပြီး အခြားနိုင်ငံ ၉၀ အား ရက်ပေါင်း ၉၀ အတွင်း ကုန်သွယ်ရေးညှိနှိုင်းမှုများ ပြုလုပ်ရန် ခေတ္တဆိုင်းငံ့ထားသော်လည်း တရုတ်နိုင်ငံကိုမူ ထိုသက်သာခွင့်မှ ချန်လှပ်ထားပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃