စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် နိုင်ငံနှင့် နယ်မြေ ၉၂ ခုကျော် တက်ရောက်မည်ဟု အတည်ပြု

News Image

  • စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် နိုင်ငံ နှင့်နယ်မြေ ၉၂ ခုကျော် တက်ရောက်မည်ဟု အတည်ပြု

စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် နိုင်ငံနှင့် နယ်မြေ ၉၂ ခု ကျော် တက်ရောက်မည်ဟု ရော့စ်ကွန်ဂရက်စ် ဖောင်ဒေးရှင်း မှ အတည်ပြုဖော်ပြချက်အရ သိရပါသည်။

ထို့အပြင် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကနိုင်ငံများမှ ယခုနှစ် ဖိုရမ်၏ ဆွေးနွေးအစီအစဉ်များအပေါ် အထူးစိတ်ဝင်စားမှုရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ရုရှား၏ အရှေ့အလယ်ပိုင်းဒေသ မိတ်ဖက်အရေးပါသည့် ဘာရိန်း နိုင်ငံတော်သည် SPIEF-2025 ၏ ဧည့်သည်နိုင်ငံအဖြစ် ပါဝင်မည်ဖြစ်သည်။ SPIEF 2025 ဖိုရမ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။ 

ကိုးကား-TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃