နှစ်ပေါင်း ၅၀၀၀ ခန့်မှ မျိုးရိုးမြင့်မြတ်သူအမျိုးသမီး၏ရုပ်ကြွင်းကိုတွေ့ရှိ

News Image

  • နှစ်ပေါင်း ၅၀၀၀ ခန့်မှ မျိုးရိုးမြင့်မြတ်သူအမျိုးသမီး၏ရုပ်ကြွင်းကိုတွေ့ရှိ

ပီရူးနိုင်ငံရှိ အထွတ်အမြတ်ထားရာ မြို့တစ်မြို့ဖြစ်သည့် ကာရယ်မြို့တွင် နှစ်ပေါင်း ၅၀၀၀ ခန့်မှ မျိုးရိုးမြင့်မြတ်သူ အမျိုးသမီး တစ်ဦး၏ရုပ်ကြွင်းကို တူးဖော်တွေ့ရှိရကြောင်း ရှေးဟောင်း သုတေသနပညာရှင် များကပြောသည်။

ယခုကဲ့သို့ အမျိုးသမီး၏ရုပ်ကြွင်းကို တွေ့ရှိရခြင်းသည် အမေရိကဒေသ၌ သက်တမ်းအရင့်ဆုံးသော လူနေမှုစနစ်ဗဟိုချက်တွင် အမျိုးသမီးများ၏အရေးပါသည့် အခန်းကဏ္ဍကို   ဖော်ထုတ်နိုင်စေမည် ဖြစ်သည်ဟု ပညာရှင်များကပြောသည်။

အဆိုပါရုပ်ကြွင်းကို  ကာရယ်မြို့ရှိရှေးဟောင်းသုတေသနနယ်မြေဖြစ်သော အက်စပဲရိုး၌ တူးဖော်တွေ့ရှိခြင်း ဖြစ်ကြောင်း၊ ထိုရုပ်ကြွင်းကို  မံမီအဖြစ်စီရင်ထားသည့်အတွက် အရေပြား၊ လက်သည်းခွံများနှင့် ဆံပင်များရှိနေသေးကြောင်းနှင့် ကော့ယင်ငှက်နှုတ်သီးလည်း ပါဝင်ကြောင်း သုတေသနပညာရှင် ပါလိုမီနိုကပြောသည်။

ပဏာမစစ်ဆေးမှုရလဒ်များအရ ထို အမျိုးသမီးသည် အသက် ၂၀ မှ ၃၅ ဝန်းကျင်ရှိကြောင်း၊ ၎င်း၏အဆင့်အတန်းကို ဖော်ပြသည့်ခေါင်းဆောင်းကို ဆောင်းထားကြောင်း တွေ့ရှိရသည်။       

Ref: BP

Source: https://myawady.net.mm/