မြောက်ကိုရီးယားက ဒုတိယမြောက် ချိုဟွာယွန်ဖျက်သင်္ဘောကို ရေချ
မြောက်ကိုရီးယားနိုင်ငံက နိုင်ငံ၏ ရေတပ်အတွက် ဒုတိယမြောက်ဖြစ်သော ချိုဟွာယွန်အတန်းအစား ဖျက်သင်္ဘောကို ရေချလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်း ဌာနဖြစ်သည့် KCNA က ဇွန်လ ၁၃ ရက် တွင်ဖော်ပြထားသည်။
အဆိုပါဖျက်သင်္ဘောရေချခြင်းအခမ်းအနားကို ရာကျင်းသင်္ဘောကျင်း၌ ဇွန်လ ၁၂ ရက်တွင်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို အခမ်းအနားသို့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး တက်ရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယင်းစစ်ရေယာဉ်သည် ပင်လယ်ပြင် ကာကွယ်ရေးအတွက် ဦးဆောင်အင်အားစုအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ၎င်းကပြောသည်ဟု သတင်းဌာနက ဖော်ပြထား သည်။
ထို့ပြင် အဆိုပါစစ်ရေယာဉ်တွင် ဘက်စုံတိုက်ခိုက်ရေး စွမ်းရည်များကို တပ်ဆင်ထားကြောင်း၊ ထိုစွမ်းရည်များကိုမြောက်ကိုရီးယားနိုင်ငံပိုင် နည်းပညာဖြင့်ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း၊ ရန်သူ၏တိုက်ခိုက်လာမှုကို လက်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံအနေဖြင့် အချိန်တစ်နှစ်ခွဲကာလအတွင်း ဘက်စုံသုံး အကြီးစားဖျက်သင်္ဘောနှစ်စင်းကို တည်ဆောက်နိုင်ကြောင်း ဗဟိုကော်မတီအတွင်း ရေးမှူးက ပြောထားသည်။
ယခုရေချလိုက်သည့် ချိုဟွာယွန် အတန်းအစားဖျက်သ င်္ဘောကို ကန်းကွန်ဟုအမည် ပေးထားကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။
MWD Web Portal