ဖိလစ်ပိုင်နှင့်အမေရိကန်တို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်

News Image

  • ဖိလစ်ပိုင်နှင့်အမေရိကန်တို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်

မနီလာ၊ စစ်ရေး

ဖိလစ်ပိုင်နှင့်အမေရိကန်တို့က ၎င်းတို့ ၏ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင် ပထမဆုံးအဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်သည့်အနေဖြင့် ဒုံးကျည် များကိုပစ်လွှတ်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံသည် ဘာလီကာတန် အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စစ်သည်အင်အား ၁၇၀၀၀ ဝန်းကျင်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး  လေကြောင်းရန်ကာကွယ်ရေးစနစ်စမ်းသပ်မှုကို  ဧပြီလ၂၇ ရက်တွင်လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းကဲ့သို့လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်မှုတွင် အမေရိကန်မရိန်း တပ်ဖွဲ့မှ Madis အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကဝေဟင်ရှိပစ်မှတ်ဒရုန်းများကို ထိမှန်အောင် ပစ်ချလိုက်နိုင်သည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံမှ Sypder အမည်ရှိ ဒုံးပစ်စနစ်ကလည်း ကိုယ်တိုင် ဒရုန်းတိုက်ခိုက်မှုရန်မှကာကွယ်ပြီး လေပိုင်နက်သို့ဝင်လာသော အနိမ့်ပျံဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်နိုင်ကြောင်းနှင့် ယင်းဒုံးကျည်စနစ်များကို  ပူးတွဲပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။                          

Ref: TST

Source: https://myawady.net.mm/