အိန္ဒိယ စစ်သင်္ဘောများက ပင်လယ်အတွင်းမှ ဒုံးကျည်များ ပစ်ပြကာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြောင်းပြသ

News Image

  • အိန္ဒိယ စစ်သင်္ဘောများက ပင်လယ်အတွင်းမှ ဒုံးကျည်များ ပစ်ပြကာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြောင်းပြသ

အာရေဗီယံပင်လယ်အတွင်းရှိ အိန္ဒိယစစ်သင်္ဘောများက ပင်လယ်အတွင်းမှ ဒုံးကျည်များကိုပစ်လွှတ်ပြကာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းပြသခဲ့ပါသည်။ စစ်သင်္ဘောများမှ ရေပြင်မှ ဝေဟင်ပစ်၊ ရေပြင်မှ မြေပြင်ပစ်နှင့် စစ်သင်္ဘောဖျက် ဒုံးများကို ပစ်ပြခတ်ပြခဲ့ခြင်း ဖြစ်သည်။ 

တာဝေးပစ်ဒုံးများပစ်လွှတ်မှုနှင့် ပတ်သက်၍ လေ့ကျင့်ခန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ လတ်တလော စစ်ရေးတင်းမာမှု ဖြစ်နေသည့် ပါကစ္စတန်နှင့် ပတ်သက်သော နိုင်ငံရေး အခြေအနေကို ဖိအားပေးသည့် သဘောကို ဆောင်နေပါသည်။ 

ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် က “မိမိတို့ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီး မိမိတို့၏ ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အားလုံးနီးပါး ပြင်ဆင်ထားပါကြောင်း၊ မည်သည့်အခြေအနေတွင်မဆို မိမိတို့ ရအောင် ကာကွယ်သွားမည်” ဟု ဆိုပါသည်။

ကိုးကား-Myanmar National Post