ဟင်္သာတမြို့နယ်မှ ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • ဟင်္သာတမြို့နယ်မှ ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဟင်္သာတ  ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ သရက်သီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် ဒေသထွက် စိန်တလုံးသရက်သီးများ ဈေးကွက်တွင် ယခုနှစ် ဧပြီလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် သရက်သီးအလုံးရေ ၄၅၀၀၀ မှ ၅၅၀၀၀ ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါသရက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ဒီဘက်ကနေထွက်တဲ့ သရက်သီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူမှုအားကောင်းနေပါတယ်။ အခုအရောင်းအဝယ်ကောင်းနေတဲ့ သရက်သီးတွေက အရည်အသွေးကောင်းပြီး လတ်ဆတ်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တာကြောင့် ဈေးသက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။ အခြားဒေသတွေက ဒီဘက်ကနေတင်ပို့တဲ့ စိန်တလုံးသရက်သီးတွေကို အဝယ်လိုက်နေပါတယ်။ အခုလို ဒေသထွက်ကုန် သရက်သီးတွေ ဝယ်ယူအားကောင်းလာတော့ သရက်စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမို အဆင်ပြေလာပါတယ်” ဟု ဟင်္သာတမြို့နယ်မှ သရက်သီး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် လက်ရှိ စိန်တလုံးသရက်သီးများအပါအဝင် ဒေသထွက်သရက်သီးများ ပေါ်နေသည့် အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက်သရက်သီးများ ဝယ်ယူအားကောင်းအရောင်းသွက်လာခြင်း၊ ဒေသထွက်ကုန်များကိုသာ အရောင်းအဝယ်ပြုလုပ်ရခြင်း၊ ကုန်စည်များ သယ်ယူရသည့် ကုန်ကျစရိတ် သက်သာခြင်း၊ ကုန်ပစ္စည်းလတ်ဆတ်ခြင်းစသည့် အကျိုးကျေးဇူးရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ